Why we need data visualization?

Picture says a thousand words ဆိုတဲ့ အတိုင်း table တွေနဲ့ ဖော်ပြတဲ့ numbers တွေကို ပုံအနေနဲ့ ပြောင်းကြည့်လိုက်တဲ့ အချိန်မှာ ကြည့်တဲ့သူအတွက် story တစ်ခု ကို ပိုထင်သာမြင်သာအောင် ဖော်ပြပေးနိုင်လို့ပါ။

ဥပမာ အနေနဲ့ ပုံ (၁) နဲ့ ပုံ (၂) ကို ယှဉ်ကြည့်ရင် သိနိုင်ပါတယ်။ နှစ်ခုလုံးကတော့ ကားအရောင်းတွေကို လအလိုက် ဖော်ပြထားတာပါပဲ။ ဒါပေမယ့် ပုံ (၁) မှာကတော့ ဇယားနဲ့ ကိန်းတွေကို ပြထားတာဖြစ်တော့ ဘယ်ကားအမျိုးအစားက ဘယ်လမှာ ပိုရောင်းရတယ်။ ဘယ်ကားက ပိုသာတယ် ဆိုတာမျိုးကို ရုတ်တရက် ကြည့်တာနဲ့ မသိနိုင်ပါဘူး။

ပုံ (၂) မှာကျတော့ ကိန်းအတိအကျ မမြင်ရပေမယ့် ကြည့်လိုက်တာနဲ့ ဘယ်ကားကို ပိုသာတယ်။ ဘယ်လတွေမှာ ပိုရောင်းအား ကောင်းတယ် ဆိုတာက အစ ချက်ချင်း မြင်သာနေပါတယ်။ ဒါကြောင့် အတိအကျ ကိန်းတွေကို ကြည့်ဖို့လိုတဲ့ နေရာရှိပေမယ့် High Level Business Dashboard တွေမှာတော့ Visualization ကို ပိုအသားပေးရပါမယ်။

High Level Executive တွေအတွက်က decision making ကို အမြန်ဆုံး အကောင်းဆုံး လုပ်နိုင်ဖို့ ရှင်းလင်းတဲ့ dashboard တစ်ခု ရှိဖို့ လိုအပ်လို့ပါ။

Raw Data vs Information