Brick and Mortar Store vs eCommerce Store

A brick and mortar store is a business or retail outlet that has at least one physical location. It is a traditional street-side business that offers products and services to its customers face-to-face in an office or store that the business owns or rents.

လူကိုယ်တိုင်သွားရောက်ဝယ်ယူနိုင်တဲ့ လက်လီ သို့ လက်ကားဆိုင်များကို Brick and Mortar store လို့ခေါ်ပါတယ်။ ရှေးကာလများစွာထဲက ရှိခဲ့တဲ့ ဆိုင်အမျိုးအစားများ ဖြစ်ပြီး စားသုံးသူနဲ့ ရောင်းချသူ တိုက်ရိုက်ထိတွေ့ ရောင်းဝယ်နိုင်တဲ့ နေရာလဲ ဖြစ်ပါတယ်။ ဆိုင်ခန်းက လုပ်ငန်းပိုင်ဖြစ်နိုင်သလို ငှားရမ်းဖွင့်တာမျိုးလဲ ဖြစ်နိုင်ပါတယ်။ လူသွားများရာ လမ်းများမှာ ဖွင့်လေ့ရှိပါတယ်။ အားသာချက်ကတော့ ကိုယ်ကြိုက်တဲ့ ကုန်ပစ္စည်းကို မျက်မြင်စိတ်ကြိုက်ရွေးချယ်ဝယ်ယူနိုင်တဲ့အတွက် customer satisfaction ပိုရပါတယ်။ အားနည်းချက်ကတော့ time and space အရ ဆိုင်တွေက ကိုယ်လက်လှမ်းမီတဲ့ နေရာ မဟုတ်ခဲ့ရင် သွားရောက်ဝယ်ယူဖို့ ခက်ခဲနိုင်ပါတယ်။

eCommerce stores host their business online. Customers can shop the products from anywhere, but they cannot touch them or see more than a picture or video.

eCommerce store ကတော့ ကုန်ပစ္စည်းများကို online ကနေ တဆင့် ရောင်းဝယ်ချင်းမျိုးပါ။ စားသုံးသူအနေနဲ့ မိမိနေရာကနေပဲ မိမိလိုအပ်သော ကုန်ပစ္စည်းများကို ရုပ်ပုံ သို့ ဗီဒီယိုဖိုင်များမှ ကြည့်ပြီး စိတ်ကြိုက်ရွေးချယ်ဝယ်ယူနိုင်ပါတယ်။ အားသာချက်ကတော့ time and space ကို ထည့်တွက်စရာ မလိုတဲ့ ဈေးဝယ်မှုပုံစံဖြစ်ပြီး ယခုကာလများမှာ ပိုပြီး တွင်ကျယ်လာပါတယ်။ အားနည်းချက်ကတော့ ကုန်ပစ္စည်းကို မျက်မြင်ကိုင်တွယ်ဝယ်ယူရတာ မဟုတ်တဲ့အတွက် ရုပ်ပုံနဲ့ အမှန်တကယ်ကုန်ပစ္စည်းကွားခြားချက်များ ရှိနိုင်တဲ့အတွက် return effect ပိုများနိုင်ပါတယ်။ ဒါအပြင် ယုံကြည်စိတ်ချမှု trust worthy ဖြစ်တဲ့ vendor ဖြစ်မဖြစ် ဆိုတာကလဲ များစွာ သက်ရောက်မှု ရှိစေပါတယ်။ ဒီအတွက် eCommerce နဲ့ ဈေးဝယ်မယ်ဆိုရင် public review တွေနဲ့ rating တွေကို သေချာစစ်ဆေးပြီးမှ ဝယ်ယူသင့်ပါတယ်။