Business Analyst vs Data Analyst (BA vs DA)

BI development project တွေမှာ BA နဲ့ DA ဟာ အဓိက Key Player ပါ။ ဒါပေမယ့် ဒီနေ့ လုပ်ငန်းတွေမှာ data ကို excel ထဲ ထည့်ကိုင်ရင် DA တပ်လိုက်၊ BA တပ်လိုက်နဲ့ DA/BA တွေက ဘယ်လိုလူမျိုးလဲ၊ သူတို့ဘာတွေ တတ်ကျွမ်းဖို့ လိုလဲ၊ သူတို့ရဲ့ responsibility က ဘာလဲ ဆိုတာ ကိုယ်တိုင် လုပ်နေတဲ့ သူမေးရင်တောင် ပြောနိုင်မယ် ဆိုတာ မသေချာပါ။ Information age ဖြစ်လာတဲ့ ဒီကာလတွေမှာ main player တွေဖြစ်လာဖို့ ဘာတွေ လိုအပ်တယ်ဆိုတာ သိဖို့ လိုလာပါတယ်။ ကြုံသလို လုပ်လိုက်မယ် ဆိုတာနဲ့ ရေရှည်မှာ မဖြစ်နိုင်တဲ့ အတွက် ကိုယ် ဘယ် carrier မှာ ရောက်နေတာလဲ၊ ဘယ်ကို ဆက်သွားမှာလဲ ဆိုတာ ရွေးချယ်ထားနိုင်မှ ဖြစ်ပါမယ်။ BA နဲ့ DA ကွာခြားချက်ကို Responsibility, Qualifications, Skills နဲ့ Average Salary ပေါ် အခြေခံပြီး ခွဲခြားပေးပါမယ်။ (Salary is not from local standard)

Responsibility : BA ရဲ့ Responsibility က လက်ရှိ စနစ်ရဲ့ လိုအပ်ချက်၊ လုပ်ငန်းအသေးစိတ်၊ ပြဿနာ၊ risk area တွေကို သိရှိအောင် client နဲ့ အနီးကပ်ထိတွေ့ပြီး ဆွဲထုတ်ယူရမှာပါ။ စနစ်မှာ ရှိနေတဲ့ data ပေါ်မူတည်ပြီး requirement outline လုပ်ရပါမယ်။ client နဲ့ team နဲ့ ကြား communication ကို ဆောင်ရွက်ရပါတယ်။ DA ရဲ့ Responsibility က programming team နဲ့ ချိတ်ဆက်ပြီး analyze လုပ်ဖို့ data တွေကို စုစည်းဆွဲထုတ်ရပါတယ်။ လက်ရှိdata ကို သုံးပြီး အဖြေထုတ်တာတွေ reports တွေ dashboard တွေ ရေးဆွဲရပါတယ်။ ကိုယ် ရဲ့ analytical findings တွေကို team ကို ပြန်ဝေမျှရပါတယ်။ Conclusion: BA က ပြဿာနာကို ရှာပြီး DA က အဲဒီပြဿာနာအတွက် အဖြေရှာပါတယ်။ Are you the one who finding the problem or who solving the problem? me? both.

enter image description here

Qualification : BA က အများအားဖြင့် Businessperson ပါ။ Business နဲ့ ပတ်သက်တဲ့ education background ရှိဖို့ ပိုလိုအပ်ပါတယ်။ DA က Technical person ပါ။ Data science, Statistics စတဲ့ Data oriented, IT oriented qualification ရှိဖို့ မဖြစ်မနေ လိုအပ်ပါတယ်။

enter image description here

Skills : BA တစ်ယောက်အနေနဲ့ data ကို handle လုပ်ဖို့ အထောက်အကူပြုတဲ့ SQL, MS Access, Excel ဆိုတာမျိုးကို super user level လောက်တတ်ဖို့ လိုပေမယ့် Communication, presentation, leadership, influencing skills တွေကတော့ strong ဖြစ်နေဖို့ လိုပါတယ်။ ဒါမှလဲ client တွေဆီက လိုအပ်ချက်တွေ ပြဿာနာတွေကို အကောင်းဆုံး ဆွဲထုတ်နိုင်မှာပါ။ DA ကတော့ Data Extraction tools၊ Data Modelling Concept၊ SQL ကစလို့ Azure cloud service ထိ၊ BI tools၊ R, Python စတဲ့ Functional programming တွေအထိ ကျွမ်းကျင်တတ်မြောက်နေဖို့ လိုပါတယ်။ အားလုံးကို မကျွမ်းကျင်ရင်တောင် တစ်ခုခုကို တော့ expert ဖြစ်နေဖို့ လိုပါတယ်။ Which skills to do you have? me? 75% of both BA and DA, as I have played in both roles for one third of my life.

enter image description here

Salary : Salary အားဖြင့် ဆိုရင် DA က BA ထက်ပိုပါတယ်။ Technical person ဖြစ်နေတဲ့ အတွက်ပါ။ (Estimated only, may vary depending on the type and size of organization and region, unfortunately it is not for our region.)

enter image description here

Can we replace BA with DA? တချို့ လုပ်ငန်းတွေမှာ BA သီးသန့် မရှိပဲ DA ကပဲ Client facing ကို ပါ တာဝန်ယူရတာမျိုးလဲ ရှိပါတယ်။ DA qualification ရှိတဲ့ လူအတွက် Business domain knowledge ကို experience နဲ့ ရရှိထားတယ်ဆိုရင် BA နေရာရော DA နေရာမှာပါ လုပ်ဆောင်နိုင်ပါတယ်။ BA အနေနဲ့ ကတော့ Technical Background က လာခဲ့တဲ့ သူမဟုတ်ရင် DA ရဲ့ Responsibility ကို ဝင်ယူဖို့ မလွယ်လှပါဘူး။ Question: what is your choice? BA or DA?