Context in DAX

enter image description here

Power BI ရဲ့ Evaluation Context မှာ Filter Context နဲ့ Row Context နှစ်မျိုးရှိပါတယ်။

  • Measures တွေမှာ Filter Context ပဲ ရှိပြီး Row Context မရှိပါ။
  • Calculated Columns တွေမှာကတော့ Row Context ပဲ ရှိပြီး Filter Context မရှိပါ။

Filter Context က Aggregation တွေ ပြုလုပ်တဲ့အချိန်မှာ ရွေးချယ်ထားတဲ့ filter value ပေါ်အခြေခံပြီး data table ကို filter လုပ်ပါတယ်။ ပုံမှာ ပြထားတဲ့ Brand အလိုက် Sales Amount ကို ပြထားတဲ့ table ကို ကြည့်မယ်ဆိုရင် Brand တစ်ခုချင်းက filter context ဖြစ်ပါတယ်။ ဥပမာ Contoso brand ရှိတဲ့ row မှာ Contoso က Filter Context ဖြစ်တဲ့အတွက် Product table ကို Contoso brand နဲ့ filter လုပ်ပါတယ်။ အဲဒီအချိန်မှာ Contoso brand အောက်မှာ ရှိတဲ့ product အားလုံး filter ဖြစ်သွားပါတယ်။ Product table မှာ ဖြစ်တဲ့ filter က Sales table ကို ဆက်ပြီး စီးဆင်းသွားတဲ့အချိန်မှာ Contoso brand က filter လုပ်ထားတဲ့ Product တွေရဲ့ အရောင်းတွေအားလုံး Filter ဖြစ်သွားပါတယ်။ ဒီ filter ဖြစ်ပြီးတဲ့အချိန်မှာ Sales Amount = SUMX(Sales, Sales[Quantity] * Sales[NetPrice]) ကတော့ Iteration formula ဖြစ်ပြီး Sales ရဲ့ row context အတိုင်း record တစ်ကြောင်းချင်းစီမှာရှိတဲ့ Quantity နဲ့ Net Price ကို မြှောက်ပြီး ထွက်လာတဲ့ အဖြေအားလုံးကို ပေါင်းလဒ် ဖော်ပြထားတာ ဖြစ်တဲ့အတွက် brand က filter context ကို ပေးပြီး SUMX က row context ကို အသုံးပြုပြီး အဖြေပြန်ထုတ်ပေးထားတာ ဖြစ်ပါတယ်။


The way Filter Context and Row Context running under SUMX iterator function in Power BI. enter image description here