Data Lifecycle

Data တစ်ခုရဲ့ life cycle က data ကို စတင်ထည့်သွင်းချိန်၊ data စတင်ဖြစ်ပေါ်လာချိန်က စပြီး နောက်ဆုံး data ကို ပယ်ဖျက်ချိန်၊ data သက်တမ်းကုန်ဆုံးသွားချိန်အထိ ကို ဆိုလိုပါတယ်။ ဒီ life cycle အတွင်းမှာ Phase တစ်ခုထက်ပိုပြီး ပါဝင်နိုင်ပြီး phase တိုင်းမှာ data quality နဲ့ ပတ်သက်တဲ့ issue များ ဖြစ်နိုင်ပါတယ်။ Data Life Cycle မှာ ပါဝင်တဲ့ Phase များက အကြမ်းအားဖြင့်

  1. Data Creation : manual entry ဒါမှမဟုတ် data capture ပုံစံတစ်ခုခုနဲ့ data ကို စတင်ထည့်သွင်းခြင်း
  2. Data Processing : ထည့်သွင်းထားတဲ့ data များကို လိုအပ်သော ပုံစံဖြစ်အောင် ပြန်လည်ပေါင်းစည်းဖွဲ့စည်းခြင်း
  3. Data Storage : data ကို လုံခြုံစိတ်ချရပြီး လွယ်ကူစွာ ဆွဲထုတ်နိုင်တဲ့ ပုံစံနဲ့ သိမ်းဆည်းခြင်း
  4. Access Data : သိမ်းဆည်းထားတဲ့ data များကို analyze လုပ်ခြင်း
  5. Data Backup : data များကို အကြောင်းအမျိုးမျိုးကြောင့် ပျက်စီးတာတွေ ဖြစ်ခဲ့ပါက ပြန်ရယူနိုင်ရန် back up ပြုလုပ်ထားခြင်း
  6. Data Archive : retention policy အရ data များကို သတ်မှတ်သက်တမ်းပြီးပါက Active data အဖြစ်မှ Archive ပြုလုပ်ထားခြင်း
  7. Data purge : retention policy အရ data များဟာ ကာလ တစ်ခု အပြီး တွင် လုံးဝပယ်ဖျက်ပစ်ခြင်း

တို့ ပါဝင်ပါတယ်။

From capturing to process till purge, any phase will face with quality issue.

enter image description here