Index

INDEXဆိုတာ Excel ရဲ့ အသုံးဝင်တဲ့ referencing function တစ်ခု ဖြစ်ပါတယ်။ ဒီ function မှာ parameter သုံးခုလိုပါတယ်။ ပထမဆုံး parameter က reference လုပ်ချင်တဲ့ range, row offset (row အရေအတွက်), column offset (column အရေအတွက်) တို့ကိုထည့်ပြီးရင် အဲဒီထည့်ထားတဲ့ reference တွေနဲ့ ကိုက်ညီတဲ့ cell range ကို ဆွဲထုတ်ရနိုင်တဲ့အတွက် အဲဒီ cell range ပေါ်မှာ Sum function စတာတွေ ပြန်ထပ်အုပ်လို့ ရပါတယ်။

Format : INDEX(Ref_range, Row, Column)

ဒီ formula မှာ row offset နဲ့ column offset ကို ပြောင်းလဲ ထည့်ပေးပြီး လိုအပ်တဲ့ cell တန်ဖိုးကို ပြောင်းလဲနိုင်ပါတယ်။ ဥပမာအနေနဲ့

  1. range တစ်ခုလုံးမှာ ရှိတဲ့ cell တွေအားလုံးရဲ့ ပေါင်းလဒ်ကို လိုချင်တယ် ဆိုရင် index cell range ကို ပေးတဲ့ အချိန်မှာ row offset နဲ့ column offset နှစ်ခုလုံးကို 0 ထည့်ပြီး ပေးရပါမယ်။ INDEX(range or name, 0, 0)
  2. range ထဲမှာ ရှိတဲ့ column တစ်ခုရဲ့ row အားလုံး ပေါင်းလဒ်ကို လိုချင်ရင် row offset ကို ၀ ပေးပြီး လိုအပ်တဲ့ column offset ကို ပေးရပါတယ်။ INDEX(range or name, 0, column_offset)
  3. range ထဲမှာ ရှိတဲ့ row တစ်ခုရဲ့ column အားလုံးပေါင်းလဒ်ကို လိုချင်ရင် လိုအပ်တဲ့ row offset number ပေးပြီး column offset ကို ၀ ပေးရပါတယ်။ INDEX(range or name, row_offset, 0)

ပုံမှာ ဖော်ပြထားတဲ့ index formula တွေမှာ "Product Sales" က "B3:G8" ဖြစ်တဲ့ range ကို ကိုယ်စားပြုထားတဲ့ range ဖြစ်ပါတယ်။

  1. =INDEX(product sales, 2,3) က product sales range ရဲ့ row offset 2 , column offset 3 မှာရှိနေတဲ့ Product 2 ရဲ့ March လ sales 826 ကို ဆွဲထုတ်ပေးပါတယ်။
  2. = SUM(INDEX(product sales, 0,4) က product sales ရဲ့ column offset 4 ဖြစ်တဲ့ April မှာ ရှိနေတဲ့ row အားလုံး Product 1 ကနေ Product 6 ထိ အရောင်းအားလုံး ပေါင်းလဒ်ကို ဆွဲထုတ်ပေးပါတယ်။
  3. = SUM(INDEX(product sales, 2,0) က product sales ရဲ့ row offset 2 ဖြစ်တဲ့ product 2 အတွက် January ကနေ June column အထိ အရောင်းအားလုံး ပေါင်းလဒ်ကို ဆွဲထုတ်ပေးပါတယ်။
  4. = SUM(INDEX(product sales, 0,0) က product sales ရဲ့ row offset နဲ့ column offset နှစ်ခုလုံးကို မဖော်ပြထားတဲ့အတွက် product 1 ကနေ product 6 အထိရဲ့ January ကနေ June column အထိ ရောင်းအား စုစုပေါင်းကို ဆွဲထုတ်ပေးပါတယ်။

Index is the most popular referencing function in Excel. It receives 3 parameters such as range of reference, row and column offset and it returns the cell value for the parameters applied.

Format : Index(Ref_range, Row, Column)

Other than extracting a cell value of the referenced, Index has the following power.

  1. The whole range sum will obtain when applying row and column parameters to 0. =Index(Ref_range or Name, 0,0)
  2. The whole column sum will obtain when applying row parameter to 0, =Index(Ref_range or Name, 0, Column_number)
  3. The whole row sum will obtain when applying column parameter to 0. =Index(Ref_range or Name, Row_number, 0)

The range for the B3:G8 is named as "productsales" and it is used in the Index formula in the place of cell range for simplicity. Here are the Formulas for the results.

enter image description here