Mobile Payment, Commerce and Marketing

Mobile payment (also referred to as mobile money, mobile money transfer, and mobile wallet) generally refer to payment services operated under financial regulation and performed from or via a mobile device. Instead of paying with cash, cheque, or credit cards, a consumer can use a mobile to pay for a wide range of services and digital or hard goods. Mobile payment လို့ပြောရင် mobile banking, mobile ပိုက်ဆံအိတ် လိုမျိုးတွေနဲ့ သတ်မှတ်ထားတဲ့ ငွေကြေးဆိုင်ရာ လမ်းညွှန်ချက်တွေအတိုင်း mobile ဖုန်း၊ tablet တွေကို အသုံးပြုပြီး ငွေပေးချေမှုတွေ ငွေလွှဲပြောင်းမှုတွေ ပြုလုပ်နိုင်တဲ့ လုပ်ဆောင်မှုကို ဆိုလိုပါတယ်။ စားသုံးသူတွေအနေနဲ့ ငွေစက္ကူ၊ ချက်လက်မှတ်၊ အကြွေးဝယ်ကဒ် စတဲ့ ငွေပေးချေမှုပုံစံတွေကို မလုပ်တော့ပဲ ကုန်ပစ္စည်းဝယ်ယူမှုတွေ၊ ဝန်ဆောင်မှု ပေးဆောင်တာတွေကို mobile အသုံးပြု လုပ်ဆောင်နိုင်ပါတယ်။

Mobile commerce: the delivery of electronic commerce capabilities directly into the consumer’s hand, anywhere, via wireless technology. "a retail outlet in your customer’s pocket". ဒီအတွက် Mobile commerce ဆိုတာကလဲ electronic commerce ကို အသုံးပြုပြီး ကုန်ပစ္စည်း Catalog တွေ၊ ဈေးခြင်းတွေ ကို စားသုံးသူရဲ့ mobile device တွေအထိ wireless နည်းပညာတွေ သုံးပြီး တိုက်ရိုက်ပို့ဆောင်တာကို ခေါ်ပါတယ်။ တကယ်တော့လဲ လက်လီဆိုင်တစ်ခုဟာ စားသုံးသူရဲ့ အိတ်ကပ်ထဲမှာ ရောက်နေတယ်လို့ ပြောလို့ရပါတယ်။

Mobile marketing is multi-channel online marketing technique focused at reaching a specific audience on their smart phone, tablets, or any other related devices through websites, E mail, SMS and MMS, social media or mobile applications. Mobile marketing can provide customers with time and location sensitive, personalized information that promotes goods, services and ideas. Mobile Marketing ဆိုတာက social media, e-commerce website, Email, SMS, Mobile Apps စတဲ့ ပုံစံ online channel မျိုးစုံနဲ့ ဈေးကွက်ချဲ့ထွင်ဖော်ထုတ်တဲ့ နည်းပညာတွေ ပေါင်းစပ်ပြီး ကိုယ် ကုန်ပစ္စည်းကို စိတ်ဝင်စားနိုင်တဲ့ audience ဆီကို smart phone, tablets, တွေကတဆင့် ကုန်ပစ္စည်း၊ ဝန်ဆောင်မှု၊ promotion တွေနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို ပေးပို့တာ ဖြစ်ပါတယ်။ ဒီ mobile marketing ကို အသုံးပြုတဲ့ အတွက်ကြောင့် စားသုံးသူရဲ့ နေရာ၊ အခြေခံလိုအပ်ချက် နဲ့ တစ်ယောက်ချင်းစီရဲ့ သီးသန့်လိုအပ်ချက် တွေအပြင် ကုန်ပစ္စည်း၊ ဝန်ဆောင်မှုရဲ့ အသုံးဝင်နိုင်တဲ့ အချိန်ကာလတွေကိုပါ ခန့်မန်းနိုင်တဲ့အတွက် အဲဒီအချက်တွေကို မူတည်ပြီး ပိုမို အကျိုးရှိတဲ့ promotion plan များကို ရေးဆွဲနိုင်မှာ ဖြစ်ပါတယ်။