Pie charts knowledge

Pie chart ဟာ အသုံးများဆုံး chart တစ်ခု ဖြစ်သလို မှန်မှန်ကန်ကန် အသုံးမခံရဆုံး chart လဲ ဖြစ်ပါတယ်။ Pie chart ရဲ့ အစိတ်အပိုင်းများကို slice လို့ ခေါ်ပါတယ်။ Slice တစ်ခုစီဟာ Pie တခုလုံးတန်ဖိုးရဲ့ ratio အစိတ်အပိုင်း တန်ဖိုးကို ဖော်ပြပါတယ်။ Slice အားလုံးရဲ့ တန်ဖိုးကို ပေါင်းမယ် ဆိုရင် ၁၀၀% ပြန်ရပါတယ်။ Pie chart ရဲ့ အဓိကဖော်ပြချက်ကတော့ ကြည့်သူကို ရာခိုင်နှုန်းများနဲ့ Slice တစ်ခုစီရဲ့အရွယ်အစား size ပေါ်တွင်သာ ခွဲခြမ်းစိတ်ဖြာစေဖို့ ဖြစ်ပါတယ်။ ရာခိုင်နှုန်းအစား အမှန်တကယ် မူရင်းတန်ဖိုးကို သိချင်မယ်ဆိုရင်တော့ pie chart အစား အခြား chart အမျိုးအစားကို သုံးသင့်ပါတယ်။ Pie Chart -1 မှာ Dealer, Show Room နဲ့ Wholesaler တို့ရဲ့ တန်ဖိုးစုစုပေါင်းဟာ ၁၀၀% ဖြစ်ပြီး Pie Chart -2 မှာတော့ မူရင်းတန်ဖိုးနဲ့ဖော်ပြထားတဲ့ အတွက် pie တစ်ခုလုံးတန်ဖိုးကို မသိနိုင်ပါဘူး။

enter image description here

Pie chart ကို အသုံးပြုတဲ့ အချိန်မှာ ဒါတွေကို သတိထားဖို့ လိုအပ်ပါတယ်။


၁. ရာခိုင်နှုန်းကို အဓိကထား ပြသင့်ပါတယ်။ ရာခိုင်နှုန်း မဟုတ်ပဲ မူရင်း တန်ဖိုး (ရောင်းအား)များကို ပြမယ်ဆိုရင် စုစုပေါင်း ရောင်းအားကို မသိနိုင်တဲ့ အတွက် ကြည့်တဲ့သူမှာ မသိကိန်း တစ်ခုရှာကြည့်နေရပါမယ်။ ရာခိုင်နှုန်း ဆိုရင်တော့ အားလုံးပေါင်းလဒ်က ၁၀၀ ဆိုတာ သိနိုင်တဲ့ အတွက် ကြည့်တဲ့သူအတွက် သံသယ မရှိစေနိုင်ပါဘူး။

၂. Slice အားလုံးပေါင်းလဒ် ၁၀၀% ထွက်နိုင်တဲ့ data မျိုးကိုသာ ပြသင့်ပါတယ်။

၃. Slice တစ်ခုစီအတွက် ရာခိုင်နှုန်းနဲ့ အတူ category label ကို ပါ ထည့်ပြသင့်ပါတယ်။ ဒါမှသာ ရည်ညွှန်းတန်ဖိုးကို ရှင်းလင်းအောင် မြင်နိုင်ပါတယ်။

၄. Pie တစ်ခုလုံးရဲ့ အဓိက ရည်ညွှန်းချက်ကို chart title ခေါင်းစဉ်မှာ ဖော်ပြရပါတယ်။

၅. Slice order ကို ကြီးစဉ်ငယ်လိုက် သို့ ငယ်စဉ်ကြီးလိုက် ပုံစံနဲ့ ဖော်ပြရပါတယ်။

၆. အရေးအကြီးဆုံး slice ကို ပုံရဲ့ ညာဖက်မှာ ထားလေ့ ရှိပါတယ်။ တခါတရံမှာ အဲဒီ slice အပိုင်းကို ဆွဲထုတ်ထားတဲ့ ပုံစံနဲ့ ပြလေ့ရှိပါတယ်။ (အချို့ software များမှာ explode pie ကို ဆွဲလို့ရပါတယ်)

၇. Pie chart ကို ရောင်းအားပြခြင်းမျိုးထက် market share percentage မျိုးကို ပြတာက ပိုပြီး သင့်တော်ပါတယ်။

၈. ရောင်းအားများကို ကြည့်တဲ့ အချိန်မှာ အများအားဖြင့် လက်ရှိနှစ်၊ ပြီးခဲ့တဲ့နှစ် တွေကို နှိုင်းယှဉ်ကြည့်ကြတဲ့အခါ လက်ရှိနှစ်နဲ့ ပြီးခဲ့နှစ်ကို pie chart နှစ်ခု သုံးပြီး နှိုင်းယှဉ်တာမျိုး မလုပ်သင့်ပါဘူး။ ဘာလို့လဲ ဆိုတော့ သူတို့ရဲ့ စုပေါင်းတန်ဖိုးက ခြားနားနေမှာ ဖြစ်တဲ့ အတွက်ပါ။ တကယ်လို့ ယှဉ်ပြချင်ခဲ့ရင်တော့ pie chart နှစ်ခုရဲ့ အရွယ်အစားကို အရင် အချိုးချပြီးမှ ပြသင့်ပါတယ်။ ဥပမာ လက်ရှိနှစ် ရောင်းအားဟာ ပြီးခဲ့တဲ့နှစ်ရောင်းအားရဲ့ တဝက်ရှိတယ်ဆိုရင် ပြီးခဲ့တဲ့နှစ်ရဲ့ Pie အရွယ်အစားဟာ လက်ရှိနှစ် pie အရွယ်အစားရဲ့ ၂ဆ ရှိရပါတယ်။

၉. Pie မှာ Other category အနေနဲ့ စုစည်းထားတဲ့ slice ရဲ့ ရာခိုင်နှုန်း ဟာ 10% အောက် ဖြစ်သင့်ပါတယ်။ 10% အထက် ဖြစ်နေရင်တော့ တချို့ သိသာထင်ရှားတဲ့ category ပါဝင်နေတာလဲ ဖြစ်နိုင်တဲ့ အတွက် ၎င်း category ကို Other မှာ ထည့်မယ့်အစား သီးခြား slice တစ်ခုအနေနဲ့ ဖော်ပြသင့်ပါတယ်။ ပုံမှာ Other slice က 15% ဖြစ်နေတဲ့ နေရာမှာ France က 8.6% ဖြစ်နေတဲ့အတွက် ၎င်းကို Other မှာ ထည့်ဖော်ပြခြင်းထဲ သီးခြား slice အနေနဲ့ ဖော်ပြသင့်ပါတယ်။

၁၀. Pie chart တစ်ခုမှာ category သို့ slice ကို အများဆုံး ၆ ခု သာ ပြသင့်ပါတယ်။ ဒီထက်ပိုခဲ့ရင် slice အားလုံးကို ရှင်းရှင်းလင်းလင်းမြင်ဖို့ ခက်ခဲပါတယ်။

enter image description here

Three Dimensional (3D) Pie Charts တခါတလေမှာ Audience ကိုမျက်စိလှည့်ဖျားချင်တဲ့ အခါ ရှိတတ်ပါတယ်။ အဲလို အချိန်မျိုးမှာ data အရ လှည့်စားမရပေမယ့် ပုံထဲမှာ ထင်ယောင်ထင်မှား ဖြစ်အောင် ဆွဲချင်တယ် ဆိုရင် ပုံမှန် Pie Chart အစား Three Dimensional Pie Chart ကို သုံးလို့ ရပါတယ်။ Dimension effect ကြောင့် pie chart ဟာ စက်ဝိုင်းပုံစံပျက်သွားပြီး အချို့ slice များဟာ 2D Slice ထက် ပိုကြီးနေသယောင်ဖြစ်နေပါတယ်။ ကြည့်တဲ့သူအမြင်မှာ အောက်ဆုံးမှာ ရှိတဲ့ Slice က အရေးကြီးလို့ မြင်စေပါတယ်။ ဒီပုံမှာ ကြည့်ရင် USA ဟာ United Kingdom ထက် ရာနှုန်းနည်းပေမယ့် သူ့ကိုသာ ပိုပြီး အာရုံရောက်စေနိုင်ပါတယ်။ ဒီအတွက် 3D pie chart သုံးပြီး ကြည့်ရှုသူကို စိတ်ဝင်စားစေချင်တဲ့ slice ကို အောက်ဆုံးမှာ ထားပြီး ပြတာနဲ့ ဆွဲဆောင်နိုင်ပါတယ်။ (ကိုယ့်ရောင်းအား ကျနေတဲ့ region ကို CEO မျက်စိမှောက်စေချင်တဲ့ အချိန်မျိုးမှာ ဆွဲဖို့ အကောင်းဆုံးပါ)

enter image description here