BI Project Roles & Responsibilities

BI Project to green light ပြဖို့ BI Sponsor လိုပါတယ်။ Decision maker CLevel တန်းက Initiate လုပ်မှာပါ။ Business Process, Trend တွေကို sharing လုပ်ဖို့ SME(Subject Matter Expert)၊ Stake holder တွေ ရှိရပါမယ်။ Business Analyst (BA) က Stake holder နဲ့ အနီးကပ်တွဲပြီး Business ကို Analyze လုပ်ပြီး လိုအပ်ချက် ကို outline လုပ်ပါမယ်။ ဒီအတွက် BA များဟာ client's များနဲ့ communication ကောင်းဖို့၊ လိုအပ်တဲ့အချက်ကို ရအောင် ဆွဲယူနိုင်အောင် ကျွမ်းကျင်မှု ရှိဖို့ လိုပါတယ်။ Business Analyst က outline လုပ်ထားတဲ့ အချက်ပေါ်မူတည်ပြီး Data Modeling လုပ်ဖို့ Data Architect, Data Extraction လုပ်ဖို့ ETL Designer, Extract လုပ်ထားတဲ့ Data တွေကနေ Analytics Solution တွေကို report/dashboard visualization ထုတ်ဖို့ BI Designer ရှိရပါမယ်။ Data Architect, ETL Designer နဲ့ BI Designer များမှာ နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်တဲ့ Data Analyst များပါဝင်ပါတယ်။ တခါတလေမှာ Data Architect ကပဲ BA အလုပ်ကို တွဲလုပ်ရတာလဲ ရှိပါတယ်။ BA များက Development ပိုင်းကို ဝင်ဖို့ အတွက်က တော့ နည်းပညာအရ ခက်ခဲတတ်ပါတယ်။

enter image description here