What is dimensional data modelling
Dimensional Modelling (DDM) က Data Warehouse မှာ Dimension နဲ့ Facts တွေကို သိမ်းတဲ့နေရာမှာ အသုံးပြုတဲ့ technique တစ်ခုဖြစ်ပြီး data တွေကို အမြန်ဆွဲထုတ်နိုင်ဖို့လဲ အထောက်အကူပြုပါတယ်။ DDM မှာ data တွေကို data တွေ duplicate မဖြစ်အောင် သတ်မှတ်ချက်တွေအစ data ချိတ်ဆက်ပုံတွေအထိ သီးသန့်သတ်မှတ် ပုံစံဝင်အောင် သိမ်းရမှာဖြစ်ပြီး အဲဒီ သတ်မှတ်ပုံစံတွေက report တွေရဲ့ လုပ်ဆောင်မှု performance တွေကို ပိုမို ကောင်းမွန်စေမှာ ဖြစ်ပါတယ်။
DDM ဟာ Dimensions နဲ့ Fact tables တွေကို အဓိက ကိုင်တွယ်ရတာ ဖြစ်တဲ့ အတွက် DDM ကို သုံးပြီး Data Warehouse Model ဆွဲတော့မယ်ဆိုရင် အဲဒီ tables တွေကို အသေးစိတ် နားလည်သိထားဖို့လိုပါတယ်။ Dimension table က လုပ်ငန်းနဲ့ ပတ်သက်တဲ့ အဓိက ဆွဲထုတ်ချင်တဲ့ အချက်တွေ၊ စုစည်းချင်တဲ့အချက်တွေ ပါဝင်မှာ ဖြစ်ပြီး Facts table တွေမှာတော့ နေ့စဉ်လုပ်ဆောင်ချက်တွေကို ဖြစ်တဲ့ transactions တွေ ပါဝင်မှာဖြစ်ပါတယ်။
ဥပမာအားဖြင့် E-Commerce use case တစ်ခုမှာ products, customers, brands, departments, categories စတာတွေက လုပ်ငန်းအနေနဲ့ စုစည်းဆွဲထုတ်ချင်တဲ့ အချက်တွေ ဖြစ်တဲ့အတွက် ဒါတွေပါဝင်တဲ့ table တွေက dimension table တွေ ဖြစ်ပါတယ်။ အဲဒီ dimensions တွေဖြစ်တဲ့ customers တွေရဲ့ နေ့စဉ် Product ဝယ်ယူတာတွေမှတ်သားတဲ့ table တွေကတော့ fact table တွေဖြစ်ပါတယ်။ ဒီ Fact table တွေ အနေနဲ့ dimension table တွေကို foreign keys တွေ အသုံးပြုပြီး ချိတ်ဆက် ပုံဖော်လိုက်တဲ့အချိန်မှာ E-Commerce ရဲ့ reporting system အတွက် dimensional model တစ်ခု ဖြစ်လာပါတယ်။