Customer Segmentation based on Sales by DAX

Sales ပေါ်အခြေခံတဲ့ Customer segmentation group ကို DAX measure သုံးပြီးလဲ ခွဲလို့ ရပါတယ်။ DAX measure နဲ့ ခွဲမယ်ဆိုရင် table ထဲမှာ calculated column လိုမျိုး ထည့်ထားဖို့ မလိုပဲ Model Relationship တွေလဲ လုပ်ဖို့ မလိုပဲ formula ကနေပဲ အဖြေထုတ်လို့ ရနိုင်ပါတယ်။

Step 1. Sales level ကို သတ်မှတ်တဲ့ table တစ်ခုကို data source ကနေ load ယူပြီး ဖြစ်ဖြစ်၊ Get Data ကနေ Power BI မှာ ရိုက်ထည့်တာပဲ ဖြစ်ဖြစ်နဲ့ တည်ဆာက်ထားပြီး “RefCustomerSegment” လို့ အမည်ပေးပါမယ်။

enter image description here

Step 2. New Measure ကိုခေါ်ပြီး "RefCustomerSegment Context" ကို သိနားလည်ပြီး အဖြေထုတ်နိုင်မည့် DAX formula ကို ရေးပါမယ်။

enter image description here

၁. Table မှ Customer Segment တစ်ခု မှ Filter Context စပါမယ်။ ဥပမာ. Context က 0$ to 1000 $ ဖြစ်တယ်ဆိုရင် ဒီ row မှာ ရှိနေတဲ့ MinSales နဲ့ MaxSales ကို ရပါမယ်။

၂. Row context မှာ ရှိနေတဲ့ min sales နဲ့ max sales ကြားမှာ ရှိနေတဲ့ Customers များကို Filter လုပ်ပါတယ်။

၃. Filter လုပ်ထားတဲ့ Customers များရဲ့ Total Revenue ကို Calculate သုံးပြီး Extract လုပ်ပါတယ်။

၄. SUMX ကို သုံးပြီး Extract လုပ်ထားတဲ့ Customer များရဲ့ Total Revenue များကို RefCustomerSegment ပေါ် Group လုပ်ပြီး ပေါင်းပါတယ်။

သတ်မှတ်ထားတဲ့ Sales Range အတွင်းမှာ ရှိနေတဲ့ Customer အရေအတွက်ကို ကြည့်မယ်ဆိုရင်တော့ Total Revenue ကို Calculate နဲ့ ပေါင်းတဲ့ နေရာမှာ CountRows ကို သုံးလို့ ရပါတယ်။

enter image description here

Customer Segment Sales နဲ့ Total Customers ကို Table မှာ တင်ပြီး လိုအပ်တဲ့ Slicer ထည့်ပြီး ကြည့်လို့ရပါတယ်။ enter image description here